ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်းနှင့် (၁၆)မိုင်စစ်ဆေးရေးစခန်းရှောင်ကွင်းလမ်းဆုံတွင် မော်တော်ယာဉ်အမှတ် (MDY 6F/2111) TOYOTA DYNA (၆)ဘီး(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၂၄)ချောင်း (၁.၆၀၅၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, September 28, 2020 - 15:15