ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်(၂)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက် အမှတ်(၉)၊ ထန်းတပင်ကျေးရွာနှင့် ကျောက်တောကျေးရွာကြားတွင် တရားမဝင်ကျွန်းသစ် (၂၈)လုံး (၅.၇၃၄၀)တန်အား တရားမဝင်တရုတ်နီအင်ဂျင်(၂)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 15:30