သထုံမြို့နယ်(တွဲဖက်)၊ ပေါင်မြို့နယ်ခွဲအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၉-၂၀၂၀ ရက်နေ့တွင် သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာ-၂မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးစိုးရန်နောင်ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာ၊ သဲအိမ်-ဖြူဘကျေးရွာချင်းဆက်လမ်း၊ သဲအိမ်ကျေးရွာ၏ အနောက်ဘက် မီတာ(၆၀၀)ခန့်အကွာမှ တရားမဝင် ပိတောက်ခွဲသား (၆၂)ချောင်း (၆.၅၉၁၈)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 6, 2020 - 10:00