ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာအုပ်စု၊ ဒေသအခေါ် ခွေးသေချောင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၁၀-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာအုပ်စု၊ ဒေသအခေါ် ခွေးသေချောင်းအတွင်း တရားမဝင်လျှော်ဝန်းသစ် (၂၁)လုံး (၄.၇၈၈)တန်၊ (၃)ပေအောက်လင်းလွန်း/သစ်ပုတ်/မအူ/လျှော်ဝန်းသစ် (၇၆)လုံး (၇.၉၅၈)တန် စုစုပေါင်း(၁၂.၇၄၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 6, 2020 - 10:00