နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၉.၂၇၃၈)တန်၊ သစ်မာ (၄၁.၈၂၃၀)တန်၊ အခြား (၁၃၆.၃၆၆၂)တန်၊ စုစုပေါင်း(၂၃၇.၄၆၃၀)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၂၆)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၀-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့)ပိုင်း ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်ကားလမ်း၊ မိုင်းခွန်အုပ်စု၊ မိုင်းခွန်ဘိနယ်၊ ဂျိုးဖြူကျေးရွာအနီးမှ တရားမဝင် ထင်းရှူးခွဲသား (၃၉၆)ချောင်း (၂၀.၉၄၀၆) တန်၊ (၁၀)ဘီးယာဉ်(၁)စီးအား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, October 7, 2020 - 09:45