ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၊ အကောက်တောင်ဘုရားအနီးတွင် စက်လှေ(၁)စီးနှင့် တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ အကောက်တောင်ဘုရားအနီးတွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၇၂)ချောင်း (၁၂.၄၁၃၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 8, 2020 - 10:30