ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ထီးလင်း-ကျောက်ထုကားလမ်းတွင် မော်တော်ယာဉ်(၁)ပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၁၀-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ထီးလင်း-ကျောက်ထုကားလမ်း၊မိုင်တိုင်အမှတ်-၉၇/၃ နှင့် ၉၇/၄ကြား ထီးလင်းမြို့ဝင်တွင် မော်တော်ယာဉ်အမှတ် SHN (1B/2708) ISUZU အပြာရောင် (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၂၁) ချောင်း (၀.၉၁၄၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 8, 2020 - 10:45