တိုက်ကြီးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁၀-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တောင်သူလယ်သမားပါတီအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၁)နယ်မြေ၊ ရန်ကုန်-ပြည်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၈/၀)မှ (၆၈/၁)ကြား COVID-19 ကာကွယ်ထိန်းချုပ်စစ်ဆေးရေးအခြေပြု၊ သစ်နှင့်သစ်တောထွက်ပစ္စည်း စစ်ဆေးရေး (ယာယီ)စခန်းတွင် မော်တော်ယာဉ်အမှတ် (YGN-4F/3219) PROBOX အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ်(ဆိုဒ်စုံ)/ကျွန်းတံခါးအပိုင်းအစ(ဆိုဒ်စုံ) (၅၆)ချပ်/ချောင်း (၀.၇၂၇၂) တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, October 9, 2020 - 14:45