နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၇.၀၅၆၇)တန်၊ သစ်မာ (၂၉.၄၀၇၈)တန်၊ အခြား (၁၄၇.၈၈၀၇)တန်၊ စုစုပေါင်း(၂၃၄.၃၄၅၂)တန်၊ တရားခံ(၅၂)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယင်းယိမ်ရွာနှင့် သစ်ခက်ရွာကြားချင်းတွင်းမြစ် အတွင်း၊ ဖိုးစုရကျွန်းအမှီးနေရာမှ တရားမဝင် အင်ခွဲသား (၇၆၅)ချောင်း (၃၃.၀၁၁၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, October 14, 2020 - 10:00