ကနီမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ ဝင်မနားတောင်ပြင်ငယ်ရွာသွား ကားလမ်းဘေး မော်တော် ယာဉ်အမှတ် MDY (7L/5307) FUSO(၆)ဘီး ပြာအစိမ်းကြားယာဉ်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၆၆)ချောင်း (၅.၈၁၀၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, October 15, 2020 - 10:45