သစ်တောဦးစီးဌာနမှ COVID-19 ကူးစက်ရောဂါကို ကြံကြံခံတွန်းလှန်ရာတွင် ပါဝင်ဆောင်ရွက်နေသော We Love Yangon ပရဟိတအဖွဲ့အား အလှူငွေ ပေးအပ်လှူဒါန်းပွဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုများမှ ဝန်ထမ်းများ လစာ ၂ ဆချေးငွေထဲက အလှူငွေ ကျပ်သိန်း(၂၀၀)ကို ကာလဒါနကုသိုလ်အဖြစ် COVID-19 ကူးစက် ရောဂါကို ကြံကြံခံတွန်းလှန်ရာမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေသော We Love Yangon ပရဟိတအဖွဲ့အား (၁၉-၁၀-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် We Love Yangon ပရဟိတအဖွဲ့ရုံးတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။
ထိုသို့လှူဒါန်းရာတွင် ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးမှ We Love Yangon ပရဟိတအဖွဲ့ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ ပါသည်။

date: 
Monday, October 19, 2020 - 13:45