ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဘေးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၄/၄)ဖာလုံနှင့် (၈၄/၅)ကြား၊ လမ်းအနောက်ဘက် (၂)ဖာလုံခန့်အကွာနေရာ၊ မိုင်တိုင်အမှတ်(၈၅/၂)မိုင်မှ လမ်းအရှေ့ဘက်(၂)ဖာလုံခန့်အကွာ ရေအိုင်အတွင်း နှင့် ကာလူးကုန်းရွာမြောက်ဘက်(၁)ဖာလုံခန့်အကွာ၊ ကာလူးအင်းအတွင်းနေရာတို့မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုးခွဲသား (၁၉၉)ချောင်း (၁၀.၈၂၅၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 20, 2020 - 16:45