ကလေးဝမြို့နယ်အတွင်း တရားမဝင်အင်ခွဲသားများ ဖမ်းဆီးရမိ

၁၄-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ဇီးတောရွာအနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာနေရာနှင့်(၆)ဖာလုံခန့်အကွာနေရာ၊ မြို့သစ်ရွာအရှေ့မြောက်ဘက် ဘလက်ချောင်းဘေးနေရာတို့မှ တရားမဝင်အင်ခွဲသား (၃၅၄)ချောင်း (၁၈.၀၆၈၈)တန် ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 20, 2020 - 16:45