ကလေးဝမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းဖွဲ့သည် ကလေးဝ မြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအကွက်အမှတ် (၁၂)သရက်ကန်၏ အနောက်မြောက်ဘက်(၂.၅)မိုင်ခန့်အကွာနှင့် ရွှေကျင်ကြိုးဝိုင်းအကွက်အမှတ်(၂၆) ကြက်ပုတ်ရိုးနေရာတို့မှ တရားမဝင် ကညင်သစ်/ခွဲသား (၅၁)လုံး/ချောင်း (၁၄.၄၅၆၂)တန်အား တာယာဘီးတပ်လှည်း(၁)စီးနှင့်အတူ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 20, 2020 - 16:45