စဉ့်ကူးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာ၏ အောက်ဘက်(၁)မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းဘေးမှ တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲသားဆိုဒ်စုံ/ ၃ပေအောက်ကျွန်းသစ် (၃၈၁)လုံး/ချောင်း (၁၀.၅၁၃၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 20, 2020 - 16:45