ရမည်းသင်းမြို့နယ်၊ ညောင်ကိုင်းကြိုးဝိုင်းအတွင်း ယာဉ်/ယန္တရားများနှင့်အတူ တရားမဝင်သစ်များဖမ်းဆီးရမိ

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ညောင်ကိုင်းကြိုးဝိုင်းအကွက်အမှတ်(၉)အတွင်းမှ မော်တော်ယာဉ်အမှတ်(စက/၁၂၁၃) ဒိုဇာ(အဝါရောင်)ယာဉ်(၁)စီး၊ ဒီဇယ်ပီပါ(၁၅)လုံးတင်ဆောင်ထားသော မော်တော်ယာဉ်အမှတ်(NPW 9L/9636) SINO Truck (၆)ဘီး(အဖြူရောင်)ယာဉ်(၁)စီး၊ ချိန်းဆော(ဘား/လွှမပါ)(အဖြူရောင်)(၁)လုံးတို့နှင့် တရားမဝင်သစ်ယားသစ်/ခြမ်း/စိတ်/စကွဲယား(၃၇)လုံး/ခြမ်း/ချောင်း(၉.၀၅၂၄)တန်တို့အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 20, 2020 - 17:00