နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

၂၆-၁၀-၂၀၂၀ရက်နေ့မှ ၄-၁၁-၂၀၂၀ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၆၇.၇၉၇၅)တန်၊ သစ်မာ (၂၈.၀၁၁၃)တန်၊ အခြား (၁၇၈.၇၁၇၃)တန်၊ စုစုပေါင်း(၃၇၄.၅၂၆၁)တန်၊ တရားခံ(၂၂)ဦး၊ ယာဉ်/ယန္တရား(၁၂)စီး ဖမ်းဆီး ရမိခဲ့ပါ သည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သံပေါက်ဘိနယ်၊ ဝက်ပုတ်ကျေးရွာ၏အရှေ့ဘက် (၁.၅)မိုင်ခန်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/သစ်ယာ/အင်/တောင်သပြေ သစ်လုံး/ခွဲသား (၂၂၀၉)လုံး/ချောင်း (၄၀.၅၄၂၄)တန်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, November 5, 2020 - 13:45