မင်းကင်းမြို့နယ်၊ လက်ချိတ်ကျေးရွာ၏ (၂)မိုင်ခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် မင်းကင်းမြို့နယ်၊ လက်ချိတ်ကျေးရွာအနီးတစ်ဝိုက်နေရာတို့မှ တရားမဝင် ပျဉ်းကတိုး/ သစ်ယာ/ အင်/ ၃ပေအောက်အင်သစ်(၁၇၄)လုံး/ချောင်း (၁၃.၀၁၇၀)တန်အား တာယာဘီးတပ်လှည်း(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, November 6, 2020 - 13:15