ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းအတွင်း တရားမဝင်သစ်ခွများ ဖမ်းဆီးရမိ

၂၂-၁၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၄ လမ်းနှင့် ၆၀(D)လမ်းကြား၊ အိမ်အမှတ်(တတ-၃/၃၇)ခြံဝင်းအတွင်း တရားမဝင်တောဂျင်း၊ လိပ်ပြာဥ၊ သစ်ခွ(၂၅)အိတ် (၅၇၄)ပိဿာအား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၄၀(ခ)အရ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, November 24, 2020 - 11:15