ပင်လယ်ကမ်းရိုးတန်း ဒေသနေပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်းညှိနှိုင်းဆွေးနွေ

ပင်လယ်ကမ်းရိုးတန်း ဒေသနေပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်းအစည်းအဝေးကို ၂၆-၁၁-၂၀၂၀ ရက်နေ့ ၁၄:၀၀ နာရီတွင် Virtual Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(သစ်တော)ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. John Nielsen ၊ FDCCA စီမံကိန်းမှ Technical Advisor Mr. Anders Poulsen ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် FDCCA စီမံကိန်းမှ တာဝန်ရှိသူများတက်ရောက်ကြပြီး FDCCA စီမံကိန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။

date: 
Tuesday, December 1, 2020 - 14:15