ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၁၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တိုင်းဒုစရိုက်နိမ်နင်းရေးမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်ခရိုင်ချင်းဆက်လမ်း၊ မိုင်တိုင်အမှတ် (၂၅/၁ နှင့် ၂၅/၂)အကြားတွင် မော်တော်ယာဉ်(၂)စီးနှင့်အတူ တရားမဝင်ကျွန်း/လုံးပတ်၃ပေအောက်ကျွန်းသစ် (၂၃)လုံး (၁.၂၃၄၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, December 2, 2020 - 13:15