၂၃-၁၁-၂၀၂၀ရက်နေ့မှ ၂၉-၁၁-၂၀၂၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၄၇.၈၀၅၀)တန်၊ သစ်မာ (၆၇.၃၄၁၆)တန်၊ အခြား (၂၈၅.၆၀၃၂)တန်၊ စုစုပေါင်း(၄၀၀.၇၄၉၈)တန်၊ တရားခံ(၄၃)ဦး၊ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဘောမိဘိနယ်ရှိ အိုးလုပ်ချောင်း/ ကျောက်တလုံးချောင်း ဆုံ/ ကျောက်တလုံးချောင်းဖျား နေရာတို့မှ တရားမဝင် ဘောင်ဆန့်/တောင်သရက် ခွဲသား (၅၉၄)ချောင်း (၉၄.၁၇၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, December 3, 2020 - 13:00