သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ (Research Advisory Committee) ပထမအကြိမ် အစည်းအဝေးကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ( Research Advisory Committee) ပထမအကြိမ် အစည်းအဝေးကို(၄-၁၂-၂၀၂၀) ရက်နေ့(သောကြာနေ့)၊ နံနက်(၀၉:၃၀)နာရီတွင် Virtual Meeting ဖြင့်ကျင်းပပြုလုပ်ရာ သုတေသနအကြံပေးကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေမှ အဖွင့်အမှာစကား ပြောကြားပါသည်။
အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေ သန ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ သုတေသနသည် အသိပညာကို ပိုမိုကျယ်ပြန့် စေပါကြောင်း၊ အတွေးသစ် အမြင်သစ်များကို ရရှိစေပါကြောင်း၊ နောက်ဆုံးနည်းပညာ ဆိုင်ရာအချက် အလက်များကို ပံ့ပိုးပေးနိုင်ပါကြောင်း၊ ပြဿနာ/ အခက်အခဲများ ဖြေရှင်းမှုကို အထောက်အကူပြုစေ နိုင်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ကဏ္ဍအပါအဝင် ကဏ္ဍစုံ၊ ဘက်စုံဖွံဖြိုးတိုးတက်ရန်အတွက် သုတေသနဖွံ့ဖြိုး တိုးတက်ရေးကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးရန် လိုမည်ဖြစ်ပါကြောင်း။
ထို့အပြင် မြန်မာ့သစ်တောမူဝါဒမှာ သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သုတေသနလုပ်ငန်းသည် အရေးကြီးသည့် အခန်းကဏ္ဍကပါဝင်မှုကို အသိအမှတ်ပြုရေးနှင့် သစ်တောသုတေသနဌာနကို သီးသန့်သုတေသီဝန်ထမ်းများနှင့် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု အဖြစ် တာဝန်ပေးအပ် ဆောင်ရွက်ရေးတို့ကို ရှင်းရှင်းလင်းလင်း ဖော်ပြ ထားတာတွေ့ ရပါကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ (၂၀၁၉)၏ အခြေခံမူများတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက် ရေးအတွက်အဆင့်မြင့်သုတေသနလုပ် ငန်းများကိုဆောင်ရွက် သွားရန်ဖော်ပြထားပြီး ဖြစ်ပါကြောင်း။
ထို့ကြောင့် သုတေသနလုပ်ငန်းများသည် ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အဖွဲ့ အစည်းဆိုင်ရာ ခိုင်မာတောင့်တင်းရေး၊ အရည်အသွေးပြည့်မီသည့် သုတေသီအင်အား လုံလောက်ရေး၊ သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သုတေသန ရန်ပုံငွေလုံလောက် စွာရရှိ စေရေးတို့ကို အလေးထားစဉ်းစားပြီး ဖြည့်ဆည်း ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း၊ လိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ရန်လိုပါကြောင်း လေ့လာတွေ့ရှိချက်၊ အကြံပြုချက် များအပေါ် အခြေခံပြီး သုတေသနလုပ်ငန်းအစီအစဉ်များရေးဆွဲကာ ဆက်လက် ဆောင်ရွက်သွားရ မည်ဖြစ်သလို၊ လိုအပ်လျင် ပြည်တွင်း၊ ပြင်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား ရန်လို ပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ကဏ္ဍများ သည် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ထိုကဏ္ဍတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်တော ရေးရာ၊ သတ္တုရေးရာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာ မူဝါဒလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများ ကို အထောက်အကူဖြစ်စေမည့်၊ အရည်အသွေး ပြည့်မီသည့် အသုံးချ သုတေသနများ ပေါ်ထွက်လာရန် အလွန် လိုအပ်ပါကြောင်းနှင့် သုတေသနအကြံပေးကော်မတီဝင် အားလုံးအနေဖြင့် မိမိတို့ ဝန်ကြီး ဌာနအောက်ရှိ ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလို ကြောင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ သုတေသနအကြံပေးကော်မတီအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ညွှန်ကြားရေးမှူးများ Online စနစ်ဖြင့် တက်ရောက်ကြပါသည်။

date: 
Friday, December 4, 2020 - 16:00