ဒီရေတောထိန်းသိမ်းရေး အသိပညာပေးဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ ထုတ်ပြန်ခြင်း

ဒီရေတောထိန်းသိမ်းရေး အသိပညာပေးဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ ထုတ်ပြန်ခြင်း
***********************************************************************
သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်းကျင်းပခဲ့တဲ့ ဒီရေတောထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲမှာ “ဒီရေတောနှင့် ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုလူနေမှုဘဝ (Mangrove and Coastal Communities)”ခေါင်းစဉ်ဖြင့် ဆုရ ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြအပ်ပါသည်။
(၁) ပထမဆု - မြင့်သန်း(ကျောက်ဆည်)
(၂) ဒုတိယဆု - ဒေါက်တာမြတ်ဇော်ဟိန်း
(၃) တတိယဆု - မိုးမင်းအောင်
(၄) နှစ်သိမ့်ဆု - ကျော်သူရ
(၅) နှစ်သိမ့်ဆု - ကျော်စိုးလှိုင်
(၆) အထူးဆု- ဝဏ္ဏဗိုလ်(ခ) ဓာတ်ပုံစူပါ
ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များရဲ့ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ အရေးပါမှု ကို ပြည်သူလူထုအကြား အသိစိတ်ဓာတ်နိုးကြားလာစေဖို့နဲ့ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်း များမှာ ပြည်သူများက ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပြီး ဖိတ်ခေါ်ခဲ့တဲ့ “ဒီရေတော ထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲ”မှာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ပေးတဲ့ ပြိုင်ပွဲဝင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
https://www.facebook.com/forestdepartment.gov.mm/photos/pcb.285294419827...

date: 
Monday, December 7, 2020 - 15:30