သံတွဲမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၁၂-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သံတွဲမြို့နယ်၊ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် သမုတ်ချောင်းလက်တက်နှင့် ပလိုင်းဝချောင်း အနီးနေရာတို့၌ တရားမဝင်တောင်သရက်သစ်/ခွဲသား (၄၅)လုံး/ချောင်း (၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, December 8, 2020 - 14:30