မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှကော်မတီ၏ဆောင်ရွက်ခဲ့ပြီးဖြစ်သော လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည့် အစည်းအဝေး

မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှ ကော်မတီ၏ ဆောင်ရွက်ခဲ့ပြီးဖြစ်သော လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ၇-၁၂-၂၀၂၀ ရက်နေ့ နေ့လည် ၀၂:၀၀ နာရီ တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(သစ်တော) ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာထမ်းများ ၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အရာထမ်းများ၊ Prince Albert II of Monaco Foundation မှ ကိုယ်စားလှယ်များ၊ PEFC International နှင့် PEFC South-East Asiaမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ အဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့အစည်းများ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်.

date: 
Thursday, December 10, 2020 - 10:45