မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း အကွက်အမှတ်(၄၃)၊ ရေနံချောင်းဘေးတွင် တရားမဝင်ပျဉ်းကတိုးသစ်(၁၄)လုံး (၁၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, December 11, 2020 - 17:15