ဟုမ္မလင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၁၂-၂၀၂၀ ရက်နေ့မှ ၁၆-၁၂-၂၀၂၀ ရက်နေ့အထိ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ဟုမ္မလင်း မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ခုတ်ကွက်ကြီး XXXIII အတွင်းမှ တရားမဝင် အင်သစ်/လုံးပတ်၃ပေအောက်အင်သစ် (၄၆)လုံး (၂၇.၁၁၄၀) တန်အား လက်ကိုင်စက်လွှ(၁)လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, December 22, 2020 - 11:15