တပ်ကုန်းမြို့နယ်၊ ထုံးကြီးတောင်ကြိုးဝိုင်းအကွက်အမှတ်(၅)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၁၂-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၄၁၁)မှ ဗိုလ်မှူးကြီးဝင်ကိုကိုပါ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ထုံးကြီးတောင်ကြိုးဝိုင်းအကွက်အမှတ်(၅)အတွင်း တရားမဝင် ယမနေ/ သစ်ကဇော်/ ကညင်/ စကားဝါ/ တောင်တမာသစ်/ခွဲသား/ခွဲခြမ်း (၂၃၂)လုံး/ချောင်း/ခြမ်း (၆၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, December 23, 2020 - 14:30