လေးမျက်နှာမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တိုင်းမှုခင်းအထူးဌာနချုပ်၊ ပုသိမ်မြို့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လေးမျက်နှာ မြို့နယ်၊ ငါးသိုင်းချောင်း-ရေနံ့သာ-ဂွကားလမ်းအကွက်အမှတ်(၅၁)အတွင်း မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၂၇)ချောင်း (၁၂)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, December 29, 2020 - 13:15