၂၈-၁၂-၂၀၂၀ရက်နေ့မှ ၃-၁-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၄၄.၅၀၁၃)တန်၊ သစ်မာ (၂၇.၂၅၅၀)တန်၊ အခြား (၄၄၂.၇၆၃၃)တန်၊ စုစုပေါင်း(၆၁၄.၅၁၉၆)တန်၊ တရားခံ(၃၆)ဦး၊ယာဉ်/ယန္တရား(၂၄)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၁-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပူးတွဲ ပင်လောင်းမြို့နယ်၊ တီကျစ်ဘိနယ်၊ တီကျစ်ကုန်းကျေးရွာအုပ်စု၊ နောင်မွန်းကျေးရွာအနီးဝန်းကျင်/ နောင်မူကျေးရွာအတွင်း/ ဆည်ခေါင်းကျေးရွာအတွင်းတို့မှ တရားမဝင် အခြားသစ်မျိုးစုံ (၆၃၅၃)လုံး/ချောင်း/ခြမ်း (၂၅၃.၆၈၂၃)တန်၊ ယာဉ်(၁)စီး၊ ဆိုင်ကယ်(၁)စီး၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, January 7, 2021 - 10:00