မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၁-၂၀၂၁ ရက်နေ့မှ ၃-၁-၂၀၂၁ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောတရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် မင်းကင်း မြို့နယ် အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်/ကူးသန်းရောင်းဝယ်မှု မရှိစေရေး နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ မင်းကင်းမြို့နယ်၊ စမြင်ကျေးရွာ၏ အရှေ့ဘက်၊ အရှေ့မြောက်ဘက် နေရာများနှင့် ရွာတော်ကျေးရွာ၏ အနောက်ဘက်(၃)မိုင်ခန့်အကွာ နေရာတို့၌ တရားမဝင်အင်/သစ်ယာ/ သပြေ/သစ်စေး/သရက်သစ်/ခွဲခြမ်း/ခွဲသား (၁၅၁)လုံး/ခြမ်း/ချောင်း (၃၀.၂၁၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, January 11, 2021 - 10:15