လှည်းကူးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် လှည်းကူးမြို့နယ်၊ ပေါင်းလင်းကြိုးဝင်းအကွက်အမှတ်(၅၉၊ ၆၂ ၊ ၆၃၊ ၈၀)အတွင်းမှ တရားမဝင် တောင်သင်္ဘော/ မျောက်ချော/ ချဉ်ယုတ်/ ထောက်ကြန့်/ သစ်ပုတ်/ ပျဉ်းကတိုး/ နဘဲ/ ပျဉ်းမ/ မျောက်ငို/ သစ်ဆိမ့်/ သဒီ/ ဖန်ခါး/ သစ်မန်ကျည်း/ သစ်ပုတ်/ လယ်ဇ/ လျော်ပြာခွဲသား (၄၈၉)ချောင်း (၁၉.၈၅၂၇)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, January 20, 2021 - 14:45