စဉ့်ကူးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၈-၁-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ စဉ့်ကူးတို့ချဲ့ကြိုးဝိုင်းအကွက်အမှတ်(၃၁)အတွင်း တရားမဝင် ထောက်ကြံ့/ ပျဉ်းကတိုး/ သတီ/ ဖက်သန်း/ ဇင်ပြွန်း/ ခူသန်/ ကျွန်းခေါက်နွယ်/ ဒီဒူး/ ဂွေး/ မျောက်ချော/ နဘဲသစ် (၃၁)လုံး (၁၃.၅၂၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, January 20, 2021 - 14:45