ကျွန်းစုမြို့နယ်အတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁-၂၀၂၁ ရက်နေ့တွင် ကမ်းခြေစောင့်ရေယာဉ်(၄၁၃)မှ ဗိုလ်ကြီး ဝေထက်စည် ဦးစီးသော တပ်မတော်သားများ အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ဒူးယားကျွန်းအနီးတွင် စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကဒွတ်/ ကံ့ကော်/ တောင်ခရဲခွဲသား (၆၄)ချောင်း (၆.၀၃၈၈)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 21, 2021 - 16:30