ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ AWPT ဆိပ်ကမ်းတွင် ကြယ်စင်ဝိုင်းကုမ္ပဏီအမည်ဖြင့် ကုန်သေတ္တာ (၂)လုံးအား ဂျင်းအစို(Fresh Ginger)ဟုကြေညာထားပြီး EXPORT DECLEARATION လျှောက် ထားမှုအပေါ် မသင်္ကာသဖြင့် အဆိုပါကုန် သေတ္တာ(၂)လုံးအား (၂၃-၁-၂၀၂၁)ရက်နေ့တွင် X-ray ဖြတ်၍စစ်ဆေးရာ သစ်များဖြစ်ကြောင်း သိရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် နှင့် အလုံမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်‌သောပူးပေါင်းအဖွဲ့သည် (၂၅-၁-၂၀၂၁)ရက်နေ့တွင် စစ်ဆေးရာ တရားမဝင် ပိတောက်သစ် ခွဲသား (၃၁၆၂) ချောင်း၊ (၂၂.၈၁၀၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, January 27, 2021 - 14:00