ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သစ်တောဦးစီးဌာနမှ "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ် ကျင်းပ

(၂၀-၁-၂၀၂၅) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် "သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် သစ်တောဦးစီးဌာနက ဖြေလျှော့ဆောင်ရွက်ခဲ့မှုများ ချပြရှင်းလင်းဆွေးနွေးခြင်း “ အစီအစဉ်ကို နေပြည်တော် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်၊ ဝါးလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များစုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။‌ ဆွေးနွေးပွဲတွင် နေပြည်တော်၊သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်း၊ ဒက္ခိဏခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဌေး၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကျော်အောင် တို့က သစ်တောဦးစီးဌာနမှဖြေလျှော့ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်မြို့နယ် ဦးစီးအရာရှိတို့က ဖြေလျှော့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို အသေးစိတ် ဆက်လက်ရှင်းလင်းဆွေးနွေးကြသည်။ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ သစ်တောဦးစီးဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

date: 
Tuesday, January 21, 2025 - 13:30