၃၁-၅-၂၀၂၁ ရက္ေန့မှ ၆-၆-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ (၃၁-၅-၂၀၂၁) မှ (၆-၆-၂၀၂၁) ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး /ပြည်နယ်၊ သစ်တောဦးစီးဌာနများ မှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း (၅၂.၉၁၂၄) တန်၊ သစ်မာ (၁၅.၄၈၇၂)တန်၊ အခြား (၆၄.၄၂၀၂)တန်၊ စုစုပေါင်း (၁၃၂.၈၁၉၈)တန်၊ တရားခံ (၄၃)ဦး၊ ယာဉ်/ယန္တရား (၂၀)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၉-၅-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်း မြို့နယ်၊ တကောင်း(၁) ဘိနယ်၊ ဆင်ညှပ်ကုန်းကွင်း အာရုဏ်ဦးသကြားစက်ဟောင်း အရှေ့ဘက် (၁)မိုင်ခန့်အကွာ၌ တရားမဝင်အင်ကြင်း/ ပျဉ်းကတိုး/ သစ်ယာ သစ်လုံး/ ခွဲသား (၁၃၅)လုံး (၉.၃၃၉၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည္

date: 
Wednesday, June 9, 2021 - 15:15