သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌၂၀၂၄ ခုနှစ်၊ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
(၁၄.၁၁.၂၀၂၄) ရက်နေ့၊ နံနက်ပိုင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်မှသံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သစ်တောဦးစီးရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ဆရာတော်ကြီးများထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းမှုပြုခဲ့ကြပြီး သစ်တောဦးစီးဌာနမှ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခြင်းအနေဖြင့် ငွေကျပ် (၄,၀၀၀,၀၀၀) ကျပ်နှင့် ငွေကျပ် (၉,၄၀၇,၇၁၅) တန်ဖိုးရှိ နဝကမ္မအလှူငွေများနှင့်ကထိန်ပဒေသာပင်များဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၃,၄၀၇,၇၁၅) ကျပ်အား ဆရာတော်ကြီးများထံ ရေစက်သွန်းချတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။



