ကျိုက်မရောမြို့နယ်၊သစ်တောဦးစီးဌာနမှ"မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၄-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်၌ အောင်သုခရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း တွင် " မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ" မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဝန်ထမ်းများစုစုပေါင်း (၂၈၆)ဦး တက်ရောက်ခဲ့ပါသည်၊ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မိုးဦး မှ လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့ အန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာအစီအစဉ်များ၊မြန်မာ့သစ်တောများအကြောင်း၊သစ်တောဖုံးလွှမ်းမှု၊ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

