ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးခြင်းအစီအစဥ်ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှ (၁၉-၁၁-၂၀၂၄)ရက်နေ့၊ (၁၀:၀၀) နာရီတွင် ဒိုက်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဗြတ်ကြီး‌ကျေးရွာ)၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)အား ပြုလုပ်ခဲ့ရာ ဒိုက်ဦးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးနှင့်တကွဆရာမ(၉)ဦး၊ ကျောင်းသူ/သား (၈၀)ဦး၊ သစ်တောဦးစီးဌာန ဝန်ထမ်း(၇)ဦး၊ ရပ်မိရပ်ဖ(၆)ဦး စုစုပေါင်း(၁၀၂)ဦး တက်ရောက်ခဲ့ကြပါသည်။ အစီအစဥ်အရ ဒိုက်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဗျက်ကြီး‌) ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းအောင်မှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး၊ ဗျက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းမှ ပါဝင်ဆွေးနွေး ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, January 22, 2025 - 00:15