တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာနေထိုင်နိုင်ရေးအသိပညာပေးခြင်းနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများဆွေးနွေးပွဲ"ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင်တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်း အဝေးခန်းမ၌"လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာနေထိုင်နိုင်ရေးအသိပညာပေးခြင်းနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများဆွေးနွေးပွဲ" ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍သစ်တောဦးစီးဌာန ဦးစီးအရာရှိ၊ဦးသန့်စင်ကျော်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်၊မျှော်မှန်းချက်နှင့်ဆင်ထိန်းသိမ်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး Grow Back for Posterity (GBP) အဖွဲ့မှ ဦးစည်သူက HEC Mitigation Methods များအကြောင်း၊Friends of Wildlife (FOW)အဖွဲ့မှ ဒေါ်ခိုင်ခိုင်ဆွေက ဒေသခံအခြေပြု တောဆင်ထိန်းသိမ်းရေးအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ထို့နောက်တက်ရောက်လာသူများက တောဆင်များနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့်အခက်အခဲများနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊(GBP)အဖွဲ့နှင့်(FOW)အဖွဲ့များမှ တာဝန်ရှိသူများနှင့်တောဆင်ရိုင်းဝင်ရောက်လေ့ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများမှဒေသခံပြည်သူ(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

date: 
Wednesday, January 22, 2025 - 02:00