သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် သုတေသန ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကျင်းပ
၄-၁၂-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ(၃)ရပ် သုတေသန ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် သုတေသန ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြေပေါ်မြေအောက် သယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် ပူးပေါင်းဆောင်ရွက်ရေး သုတေသန များ၏ အရေးပါပုံနှင့် ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် သစ်တော၊ သတ္တု၊ ပတ်ဝန်းကျင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့် သုတေသန လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန် ပြောကြားပါသည်။
ဆက်လက်၍ အဖွဲ့၏ အတွင်းရေးမှူး သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးမှ သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နောက်ခံအကြောင်းအရာနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ အဖွဲ့ဝင် များက မိမိတို့၏ အဆိုပြုပူးပေါင်းသုတေသနလုပ်ငန်းများကိုအသီးသီး ရှင်းလင်း တင်ပြရာ အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။