လူနှင့်‌တောဆင်အကြားပဋိပက္ခ‌လျော့နည်းစွာနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

(၈.၁၂. ၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန နှင့် လူနှင့်ဆင်သင့်မြတ်ရေးအဖွဲ့ (Growth Back for Posterity-GBP) တို့ပူးပေါင်း၍ လူနှင့်‌တောဆင်အကြားပဋိပက္ခ‌လျော့နည်းစွာနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကို ပုတ်သင်ညိုကျေးရွာအုပ်စု၊ တောင်ထပ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ ဆွေးနွေးပွဲတွင် တောဆင်ရိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် လုပ်ဆောင်ရမည့်နည်းလမ်းများ နှင့် ‌တောဆင်ရိုင်းများတွေ့ကြုံလာပါက လုပ်ဆောင်ရမည့်နည်းလမ်းများ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပုတ်သင်ညိုကျေးရွာနှင့် တောင်ထပ်ကျေးရွာတို့မှ ဒေသခံပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူ(၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား လျှပ်စစ်ခြံစည်းရိုးအသုံးပြု၍ တောဆင်ရိုင်းအန္တရာယ် ကြိုတင်ကာကွယ် ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, January 22, 2025 - 05:00