သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၉-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါ်ဖြူဖြူခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရည်မွန်လှိုင်မှ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း(၁/၂၀၂၄)တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချမ်းမြေ့ခိုင်မှ ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးထက်မြက်အောင်မှ ကိုရီးယားသမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်နန်းရွှေရည်မှ ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် အပူပိုင်းဒေသနှင့် နိုင်ငံတကာသစ်တောပညာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။