မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၌ တောခေါင်းစွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

(၉.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင်သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီမြို့၌ (၉.၁၂.၂၀၂၄)ရက်နေ့မှ (၂၀.၁၂.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည့် တောခေါင်းစွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊မှော်ဘီမြို့၊ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းထွန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်းနှင့် သင်တန်းသို့ တောခေါင်းအဆင့်သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, January 22, 2025 - 05:00