သစ်တောဦးစီးဌာန နှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဉ်တို့အကြားနှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်အရလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၁၁-၁၂-၂၀၂၄) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန နှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဉ်တို့အကြားနှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေး အစီအစဉ်အရ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ Htoo Zoos & Gardens Business Unit မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Fukuoka City မှ တာဝန်ရှိသူများက Zoom Meeting တက်ရောက်ကြပါသည်။အစည်းအဝေးသို့ နှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ခြင်းကိစ္စများ၊ တိရစ္ဆာန်ရွေးချယ် မည့်အစီအစဉ် တိရစ္ဆာန်အမျိုးအစားအလိုက် ရောဂါစစ်ဆေးခြင်းနှင့် ပို့ဆောင်ခြင်း၊ လက်ခံရယူ ခြင်းတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။



date:
Wednesday, January 22, 2025 - 05:15