ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ(CF Unit)အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကျင်းပ
(၁၃-၁၂-၂၀၂၄)ရက် နံနက် (၉:၃၀) အချိန်တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ CF Unit အစည်းအဝေးကျင်းပခဲ့ရာ ဦးဖေချစ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင်လျာထားချက်နှင့်အညီ တည်ထောင်စိုက်ပျိုးခဲ့သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများကို အောင်မြင်အောင်ကြီးကြပ် ဆောင်ရွက်ရန် ၊၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများအား စီမံချက်နှင့်အညီလျာထားချက်ပြည့်မီရေး ပြည်နယ်/ တိုင်းဒေသကြီး CF Unit အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်၊ နေရာဒေသနှင့် ကိုက်ညီပြီး ဒေသခံများနှစ်သက်သည့် သစ်မျိုးနှင့် စိုက်ပျိုးသီးနှံများရွေးချယ်ကာ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ပုံစံများဖော်ထုတ်ရန်၊ နိုင်ငံတကာအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ၏ အစီအစဉ်ဖြင့်ဒေသခံများအား မြေဆီလွှာထိန်းသိမ်းရေးအသိပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ်နည်းများသင်တန်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ပြီးစီးမှုနှင့် ၂၀၂၄ မိုးရာသီတွင် တည်ထောင်မည့် CF (လျာထားချက်)များ ရှင်းလင်း တင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

