သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၁၆-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်/သားငှက်ဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလတ်က နေပြည်တော်၊ ရုံးအမှတ် (၁၉) တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၄)တက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာသင်းသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ပြုလုပ်သည့် ဒီရေတောထိန်းသိမ်းရေးနှင့်ပြန်လည်တည်ထောင်ရေးဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာအိအိဆွေလှိုင်က အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းဖွံဖြိုးတိုးတက်ရေးဆိုင်ရာဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာကျော်စိန်ဝင်းထွန်းက င်္စကာပူနိုင်ငံတွင်ပြုလုပ်သည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသိပ္ပံဖိုရမ်နှင့် (၁၀)ကြိမ်မြောက်သိပ္ပံဆိုင်ရာအကြံပေးပုဂ္ဂိုလ်များကော်မတီ အစည်းအဝေးတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

date: 
Wednesday, January 22, 2025 - 05:30