"သစ်တောပြစ်မှုများ တရားစွဲ ဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (SOP for Prosecution of Forest Crimes) အတည်ပြုပြဌာန်းနိုင်ရေးအတွက် Brainstorming ဆွေးနွေးပွဲ"ကျင်းပ

(၂၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ကိုရီးယားသစ်တောဌာန FD- KFS REDD+ စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့်သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ ၌"သစ်တောပြစ်မှုများတရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများ (SOP for Prosecution of Forest Crimes) အတည်ပြုပြဌာန်း နိုင်ရေးအတွက် Brainstorming ဆွေးနွေးပွဲ" ကျင်းပဆောင်ရွက်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးတက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်အနားအစီအစဥ်အရ ဒုတိယညွှန် ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျမှ သစ်တောပြစ်မှုများအမှုဖွင့်တရားစွဲဆိုရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်း (SOP) အားရေးဆွဲခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်ရုံး၊ စစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သစ်တောမှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း(SOP)(မူကြမ်း)အပေါ် ဦးစီးရုံးချုပ် ဌာနများနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ ပြင်ဆင်ပေးပို့လာသည့် (SOP)(မူကြမ်း) (ပထမအကြိမ်) ပြင်ဆင်ထားရှိမှုအား ရှင်းလင်းတင်ပြမှုအပေါ် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှသစ်တောမှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း (SOP)(မူကြမ်း)နှင့်ပတ်သက်၍ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဖြည့်စွက်ပြင်ဆင်ဆွေးနွေး အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲကို သစ်‌‌‌တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီး၊ သစ်တောဦးစီးဌာနများမှ အရာထမ်း (၄၆) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

date: 
Wednesday, January 22, 2025 - 05:45